အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ မဏိပူရ်ဥပဒေပြုအမတ်အား လက်ခံတွေ့ဆုံ(၆-၁-၂၀၂၃ ရက်)

(၆-၁-၂၀၂၃ ရက်၊ နယူးဒေလီ)
 
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် မဏိပူရ်ပြည်နယ် ၊ Kakching မဲဆန္ဒနယ်မှ ဥပဒေပြုအမတ် Shri. M. Rameshwar Singh အား ၅-၁-၂၀၂၃ ရက် ၊ (၁၁:၀၀) နာရီတွင် နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေဆုံခဲ့ပါသည်။
 
ထိုသို့ တွေ့ဆုံစဉ် တမူး-မိုရေး အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ဂိတ် တည်ရှိပြီး မြန်မာနိုင်ငံနှင့် စီးပွားရေးအရ အဓိက ဆက်စပ်လျက်ရှိသည့် အိမ်နီးချင်း မဏိပူရ်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ကျောက်မျက်ရတနာ၊ ပညာရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ကျန်းမာရေး၊ ကမ္ဘာလှည့်ခရီးသွားလာရေးနှင့် ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်ကဏ္ဍတို့၌ ပူးပေါင်းမှု တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး၊ သံအမတ်ကြီးမှ Shri. M. Rameshwar Singh အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။