(၂၈-၁၂-၂၀၂၂ ရက်၊ နယူးဒေလီ)
၂၈-၁၂-၂၀၂၂ ရက်၊ ၁၅:၀၀ နာရီတွင် နယူးဒေလီမြို့ရှိ မြန်မာဂေဟာ၌ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်အား အိန္ဒိယနိုင်ငံ၊ စားသောက်ကုန် ထုတ်လုပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် H.E. Mr. Sanoj Kumar Jha ဦးဆောင်သည့် အမျိုးသားရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအေဂျင်စီ Invest India မှ အကြီးတန်း Senior Assistant Vice President Mr. Gaurv Sishodia နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် တွဲဖက်အတွင်းဝန်က စိုက်ပျိုးရေးနှင့် အစားအစာ ထုတ်လုပ်ရေးကဏ္ဍ ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံမှ ကြိုးပမ်း ဆောင်ရွက်နေမှုများတွင် အိမ်နီးချင်း မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်နိုင်ရေး ဖိတ်ကြားခဲ့ပြီး ယင်းကဏ္ဍ၌ နှစ်နိုင်ငံအကြား နည်းပညာ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်ရန် အခွင့်အလမ်းနှင့် အလားအလာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



