အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နီကာရာဂွါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၂၃-၆-၂၀၂၆၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Ms. Nadeska Cuthbert အား ၂၃-၆-၂၀၂၆ ရက်နေ့၊ ၁၁:၀၀ နာရီတွင် မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာ-နီကာရာဂွါနှစ်နိုင်ငံ၏ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီးက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရအသစ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ နီကာရာဂွါနိုင်ငံတွင် မြန်မာသံရုံး ဖွင့်လှစ်ထားရှိမည့် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။