အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးအား အင်ဒီရာဂန္ဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်(၄-၆-၂၀၂၆၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မှုပြီးဆုံးပြီ ဖြစ်သည့် H.E. Mr. Nguyen Thanh Hai သည် နယူးဒေလီမြို့ရှိ အင်ဒီရာဂန္ဓီ အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ဟနွိုင်းမြို့သို့ ၄-၆-၂၀၂၆ ရက်နေ့၊ ညပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ပါသည်။
အာဆီယံ-နယူးဒေလီကော်မတီ(ANDC) အလှည့်ကျဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အာဆီယံသံအမတ်ကြီးများနှင့်အတူ ဗီယက်နမ်သံအမတ်ကြီးအား အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများ/ ဒုတိယအကြီးအကဲများနှင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။