(၃၀-၃-၂၀၂၆၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ သံတမန်ဌာနမှ အကြီးအကဲ Mr. Amit Kumar အား ၃၀-၃-၂၀၂၆ ရက်နေ့၊ ၁၂:၃၀ နာရီတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် သံတမန်ဌာန အကြီးအကဲတို့သည် သံတမန်အခွင့်အရေးနှင့် ကင်းလွတ်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ သံရုံးဆောက်လုပ်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။


