(၁၀-၃-၂၀၂၆ရက် ၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mrs. Vithaya XAYAVONG အား ၁၀-၃-၂၀၂၆ ရက်နေ့၊ ၁၀:၀၀ နာရီတွင် မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာ-လာအို နှစ်နိုင်ငံ၏ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ ထို့နောက် မြန်မာ သံအမတ်ကြီးက အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးမှု အခြေအနေများ၊ အစိုးရသစ်တစ်ရပ် ဖွဲ့စည်း၍ ဆောင်ရွက်သွားမည့် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။



