အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အိန္ဒိယနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးအား အင်ဒီရာဂန္ဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သွားရောက်နှုတ်ဆက်

(၆-၂-၂၀၂၆၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မှုပြီးဆုံးပြီဖြစ်သည့် H.E. Mr. Bounmy Vanmany နှင့် ဇနီး Mrs. Vannaphonh Vanmany တို့သည် နယူးဒေလီမြို့ရှိ အင်ဒီရာဂန္ဓီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဗီယင်ကျန်းမြို့သို့ ၅-၂-၂၀၂၆ ရက်နေ့၊ ညပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ အာဆီယံ-နယူးဒေလီကော်မတီ(ANDC) အလှည့်ကျဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး ဦးဇော်ဦး နှင့် ASEAN Ladies Circle (ALC) ၏ အလှည့်ကျဥက္ကဋ္ဌ သံအမတ်ကြီး၏ဇနီး ဒေါ်ပွင့်နွယ်ဝေတို့သည် အာဆီယံသံအမတ်ကြီးများနှင့်အတူ လာအိုသံအမတ်ကြီးနှင့် ဇနီးအား အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ပါသည်။ မြန်မာသံအမတ်ကြီး ဦး‌ဇော်ဦးက လာအိုသံအမတ်ကြီးအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး ALC ဥက္ကဋ္ဌ၊ ဇနီး ဒေါ်ပွင့်နွယ်ဝေကလည်း Mrs. Vannaphonh Vanmany အား ALC အဖွဲ့၏ နှုတ်ဆက်လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများ/ဒုတိယအကြီးအကဲများနှင့် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။