( ၁၈-၁၀-၂၀၂၂ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၁၈-၁၀-၂၀၂၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ Ashok Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် Fifth Assembly of the International Solar Alliance (ISA) သို့ တက်ရောက်၍ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား မိန့်ခွန်းပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံမှ စွမ်းအင်နှင့် အသစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Shri R K Singh က အစည်းအဝေးသဘာပတိအဖြစ် လည်းကောင်း၊ ပြင်သစ်နိုင်ငံမှ ဥရောပနှင့် နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Chrysoula Zacharopoulou က ပူးတွဲသဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်၍ အဖွင့်မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပြီး၊ စဉ်ဆက်မပြတ် စွမ်းအင်ဖူလုံရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Damilola Ogunbiyl က keynote address ပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ISA အဖွဲ့ဝင်နိုင်ငံများ၊ ISA မိတ်ဖက်နိုင်ငံများနှင့် ISA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်နိုင်ငံများမှ ဝန်ကြီးများ၊ နိုင်ငံကိုယ်စားလှယ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။





