(၃-၁၁-၂၀၂၅၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဌာနမှ တွဲဖက်အတွင်းဝန် Shri B. Shyam အား ၃-၁၁-၂၀၂၅ ရက်နေ့၊ ၁၀:၃၀ နာရီတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် တွဲဖက်အတွင်းဝန်တို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ နယ်နိ မိတ်ရေးရာ အစည်းအဝေးများ ကျင်းပနိုင်ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အလားအလာများ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

