(နယူးဒေလီ၊ ၁၁-၉-၂၀၂၅)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဌာန၊ တွဲဖက်အတွင်းဝန် ရှရီ ဘီ ရှရမ်နှင့် ၁၁-၉-၂၀၂၅ ရက်နေ့၊ ၁၇:၀၀ နာရီတွင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် တွဲဖက် အတွင်းဝန်တို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ကျပ်-ရူပီး ငွေပေးချေမှုစနစ် တွင်ကျယ်လာစေရေး၊ ကုန်သွယ်မှု၊ စီးပွားဆက်သွယ်မှု၊ နယ်စပ်ဒေသ စီမံခန့်ခွဲမှု စသည့်ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အလားအလာများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

