အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး 66th Diksha Festival သို့ တက်ရောက်(၁၇-၁၀-၂၀၂၂ ရက်)

(၁၇-၁၀-၂၀၂၂ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံ၊ မဟာရရှ်တ္တာပြည်နယ်၊ နာဂပူရ်ခရိုင်၊ Bina Jod Bhanegaon ရှိ Mahathero Chandramani Buddha Vihar တွင် ၁၄-၁၀-၂၀၂၂ ရက်၌ ကျင်းပခဲ့သည့် 66th Diksha Festival သို့ အဓိက ဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မဟာ ရရှ်တ္တာပြည်နယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ အပါအဝင် လူပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ဗုဒ္ဓသာသနာ အဓွန့်ရှည် တည်တံ့ရေးအတွက် အိန္ဒိယနိုင်ငံ၊ ကုသိနာရုံဆရာတော်ကြီး အဘိဓဇ မဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရမှ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူ အိန္ဒိယနိုင်ငံသား များအား ဒုလ္လဘရဟန်း/ သာမဏေ/ သီလရှင်များအဖြစ်သို့ ကူးပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။