အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၅၅)နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် အထိမ်းအမှတ်ဆွေးနွေးပွဲများသို့ တက်ရောက် (၈-၈-၂၀၂၂ ရက်)

(၈-၈-၂၀၂၂ ရက်၊ နယူးဒေလီ)

(၅၅) နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့အခမ်းအနားကို ၈-၈-၂၀၂၂ ရက်၊ နံနက် (၉:၃၀) နာရီအချိန်တွင် အာဆီယံ-နယူးဒေလီကော်မတီ (ANDC) အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် နယူးဒေလီမြို့ရှိ ထိုင်းသံရုံးမှ ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။ (၅၅) နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အာဆီယံအလံလွှင့်တင်ခြင်းအခမ်းအနားပြီးနောက် မြန်မာသံအမတ်ကြီးသည် အခြား အာဆီယံ သံအမတ်ကြီးများနှင့်အတူ အာဆီယံ-နယူးဒေလီကော်မတီ အထူးအစည်းအဝေးနှင့် Association of Asia Scholars မှ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက် တက်ရောက်ခဲ့ပါသည်။

ထို့နောက် မွန်းလွဲ (၁၅:၀၀) နာရီတွင် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အခြားအာဆီယံ သံအမတ်ကြီးများနှင့်အတူ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် အာဆီယံ-အိန္ဒိယ စင်တာ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သုတေသနနှင့် သတင်းအချက်အလက်ဗဟို (RIS) တို့မှ India Habitat Centre တွင် ပူးတွဲစီစဉ်ကျင်းပခဲ့သည့် (၅၅) နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆွေးနွေးပွဲသို့ တက်ရောက်၍ “75 Years of India and 55 years of ASEAN” panel discussion တွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။