အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် (၂၄) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက် (၁၅-၆-၂၀၂၂ ရက်)

(၁၅-၆-၂၀၂၂ ရက်၊ နယူးဒေလီ)

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Sushma Swaraj Bhawan (SSB) တွင် ၁၁:၀၀ နာရီမှ ၁၃:၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၄) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (24th ASEAN-India Senior Officials’ Meeting) သို့ မြန်မာအဆင့်မြင့်အရာရှိကြီးကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား အိန္ဒိယအဆင့်မြင့် အရာရှိကြီး H.E. Mr. Saurabh Kumar နှင့် အာဆီယံ-အိန္ဒိယဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူး ဖြစ်သည့် စင်ကာပူ အဆင့်မြင့်အရာရှိကြီး H.E. Mr Albert Chua တို့မှ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။