အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒုတိယအကြိမ် ISCS BIMSTEC Conference သို့ တက်ရောက်မိန့်ခွန်းပြောကြား(၂၇-၃-၂၀၂၃ ရက်)

(၂၇-၃-၂၀၂၃ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅-၂၆ ရက်အတွင်း အနောက်ဘန်ဂေါပြည်နယ်၊ ကော်လ်ကတ္တားမြို့၌ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နှင့် အိန္ဒိယနိုင်ငံ၊ Institute of Social and Cultural Studies (ISCS) တို့မှ ပူးပေါင်း စီစဉ် ကျင်းပသည့် ဒုတိယအကြိမ် ISCS BIMSTEC ကွန်ဖရင့်သို့ တက်ရောက်၍ “BIMSTEC အဖွဲ့ဝင်နိုင်ငံများ အကြား စားနပ်ရိက္ခာဖူလုံရေးနှင့် Value Chain အခြေအနေ သုံးသပ်ခြင်းဆိုင်ရာအထူးဆွေးနွေးပွဲ” ၌ Keynote Speaker အဖြစ် မိန့်ခွန်းပြောကြားခဲ့ပါသည်။

BIMSTEC ဖွဲ့စည်းမှု (၂၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “25 Years of Driving Force behind Neighbourhood Cooperation” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါကွန်ဖရင့်ဖွင့်ပွဲ အခမ်းအနားသို့ အနောက်ဘန်ဂေါပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. C. V. Ananda Bose မှ Chief Guest အဖြစ်လည်းကောင်း၊ BIMSTEC အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Tenzin Lekphell မှ Guest of Honour အဖြစ်လည်းကောင်း တက်ရောက်၍ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Rajkumar Ranjan Singh မှ Keynote Speaker အဖြစ် ပြောကြားခဲ့ပါသည်။

မြန်မာသံအမတ်ကြီးသည် “BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား စားနပ်ရိက္ခာဖူလုံရေးနှင့် Value Chain အခြေအနေ သုံးသပ်ခြင်းဆိုင်ရာအထူးဆွေးနွေးပွဲ” ၌ မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံမှ လက်ရှိတွင် BIMSTEC ပူးပေါင်းဆောင်ရွက်မှုများ၌ “လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍ” ၏ Lead Country အဖြစ် ဆောင်ရွက်နေမှု အခြေအနေများ၊ BIMSTEC အဖွဲ့အစည်း တွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများနှင့် အောင်မြင်မှုများ၊ ဘင်္ဂလားပင်လယ်အော်ဒေသ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် Value Chain တို့တွင် စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ ဖြည့်ဆည်း ပံ့ပိုးနိုင်မည့်အနေအထားများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။