အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အိန္ဒိယနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများ၏ ဂူဂျာရတ်ပြည်နယ် လေ့လာရေးခရီးစဉ်သို့ ပါဝင်တက်ရောက်(၃-၁၀-၂၀၂၂ ရက်)

(၃-၁၀-၂၀၂၂ ရက်၊ နယူးဒေလီ) 

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာနှင့် ဇနီးတို့မှ ဦးဆောင်၍ နယူးဒေလီမြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများအတွက် “အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၏ ဂူဂျာရတ်ပြည်နယ်သို့ ယဉ်ကျေးမှုလေ့လာရေးခရီးစဉ်” ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ Vadodara မြို့နှင့် Kevadia မြို့တို့သို့ ၁-၁၀-၂၀၂၂ ရက်မှ ၃-၁၀-၂၀၂၂ ရက် အတွင်း သွားရောက်ရာတွင် ပါဝင်ခဲ့ပါသည်။ ခရီးစဉ်သို့ အိန္ဒိယနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီး စုစုပေါင်း (၆၀) ဦးခန့် လိုက်ပါခဲ့ကြပါသည်။

၁-၁၀-၂၀၂၂ ရက်နေ့တွင် မြန်မာသံအမတ်ကြီးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး၊ အခြား သံအမတ်ကြီးများနှင့်အတူ Vadodara မြို့ရှိ Laxmi Vilas နန်းတော်၊ Majaraj Fatehsingh Museum တို့သို့ သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် ဇနီးတို့မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကာ ညပိုင်းတွင် ဟိန္ဒူပွဲတော် Navaratri ကာလအတွင်း ကျင်းပသည့် Garba ရိုးရာကပွဲသို့လည်း ဝင်ရောက်ဆင်နွှဲခဲ့ပါသည်။

၂-၁၀-၂၀၂၂ ရက်တွင် မြန်မာသံအမတ်ကြီးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး၊ အခြား သံအမတ်ကြီးများနှင့်အတူ Kevadia မြို့သို့ သွားရောက်၍ အိန္ဒိယတိုင်းရင်းဆေးဖက်ဝင် အပင်များနှင့် ယောဂပညာရပ်တို့ကို အထူးပြု လေ့လာနိုင်သည့် Arogya Van ဥယျာဉ်သို့ လည်းကောင်း၊ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုဖြစ်သည့် လွတ်လပ်ရေး ရပြီးနောက် အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်ထဲရေးဝန်ကြီး Sardar Vallabhbhai Patel ၏ အထိမ်းအမှတ် ပုံတူ Statue of Unity သို့ လည်းကောင်း သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။