အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ASEAN New Delhi Committee (ANDC) အစည်းအဝေးသို့ တက်ရောက်(၉-၁၀-၂၀၂၃ ရက်)

(၉-၃-၂၀၂၃ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၉-၃-၂၀၂၃ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် ဗီယက်နမ်သံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-နယူးဒေလီကော်မတီ (ANDC) အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ANDC အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai က ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွက် အာဆီယံ-နယူးဒေလီ ကော်မတီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ+၃ နိုင်ငံများနှင့် အိန္ဒိယအစိုးရတို့နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားလိုသည့် ကိစ္စရပ်များ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍လည်းကောင်း၊ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအရေးကိစ္စနှင့် အစည်းအဝေးများ ဆောင်ရွက်နေမှုအခြေအနေတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Ms. Ina H. Krisnamurthi က လည်းကောင်း ရှင်းလင်းပြောကြားခဲ့ရာ အစည်းအဝေးတက်ရောက်လာသည့် အာဆီယံနိုင်ငံ သံအမတ်ကြီးများမှ အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။  

ထို့နောက် သံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် အသစ်ရောက်ရှိလာသည့် ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Kuong Koy အား အာဆီယံသံအမတ်ကြီးများမှ ကြိုဆိုသည့် နေ့လည်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။