(၂၃-၂-၂၀၂၃ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၂၃-၂-၂၀၂၃ ရက်တွင် နွိုင်ဒါမြို့ရှိ Amity University Noida Campus တွင် အိန္ဒိယနိုင်ငံ၏ ထိပ်တန်း ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Amity Education Group မှ စီစဉ်ကျင်းပသည့် (၂၃) ကြိမ် မြောက် INBUSH ERA 2023 ဆွေးနွေးပွဲသို့ တက်ရောက်၍ “Higher Education Opportunities in India” session ၌ ပါဝင်ဆွေးနွေးခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများကို ဆွေးနွေးနိုင်ရန် (၃) ရက်ကြာ ကျင်းပသည့် အဆိုပါဆွေးနွေးပွဲ၏ “Higher Education Opportunities in India” session တွင် မြန်မာသံအမတ်ကြီးနှင့်အတူ အိန္ဒိယအစိုးရ အဆင့်မြင့်ပညာရေးအတွင်းဝန်၊ ရေတပ်ဗိုလ်ချုပ်၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဘူတန်၊ ဗြိတိန် အစရှိသည့် နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ပညာရေးကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍတွင် လက်ရှိ ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်နိုင်မည့် အလားအလာနှင့် နည်းလမ်းများ၊ အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



