အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် ASEAN New Delhi Committee (ANDC) ၏ (၁၁၈) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်

(၂၀-၁-၂၀၂၂ ရက်၊ နယူးဒေလီ) 

၁။ (၁၁၈) ကြိမ်မြောက် အာဆီယံ-နယူးဒေလီကော်မတီ (ANDC) အစည်းအဝေးအား ၂၀-၁-၂၀၂၂ ရက်၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။ 

၂။ အစည်းအဝေး၌ အလှည့်ကျဥက္ကဌ အိန္ဒိယနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Ramon S. Bagatsing Jr. က ယင်းမှ ဥက္ကဌတာဝန်ယူခဲ့သည့်ကာလအတွင်း ANDC ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေး တက်ရောက်လာသည့် အာဆီယံသံအမတ်ကြီးများက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း အာဆီယံ နိုင်ငံများနှင့် အိန္ဒိယနိုင်ငံအကြား နှစ်နိုင်ငံ ခရီးစဉ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများနှင့် အိန္ဒိယတို့အကြား အထောက်အပံ့ပြု ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ အာဆီယံ-နယူးဒေလီ ကော်မတီ၏ တိုးတက်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများကို အမြင်ချင်းဖလှယ် သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။  ၃။ ယင်းနောက် ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်အတွက် အလှည့်ကျ ဥက္ကဌအဖြစ် အိန္ဒိယနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E. Mr. Simon Wong Wie Kuen က လွှဲပြောင်းရယူမည်ဖြစ်ကြောင်း ကြေညာ၍ အစည်းအဝေးကို ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။