အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး NRI Council Conference & Award 2023 သို့ တက်ရောက်(၁၃-၁-၂၀၂၃ ရက်)

(၁၃-၁-၂၀၂၃ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် သည် ၉-၁-၂၀၂၃ ရက်မှ ၁၀-၁-၂၀၂၃ ရက်အထိ အိန္ဒိယနိုင်ငံ၊ မက်ဒရာပရာဒေ့ရှ်ပြည်နယ် မြို့တော် Indore တွင် Global Organization of People of Indian Origin (GOPIO) ၊ Indian Economic Trade Organization (IETO) နှင့် India Africa Trade Council (IATC) တို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် ပြည်ပရောက် အိန္ဒိယနိုင်ငံသားများကောင်စီ၏ NRI Council Conference & Award 2023 ညီလာခံနှင့် ဆုချီးမြှင့်ပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

ညီလာခံတွင် ပြည်ပရောက် အိန္ဒိယနွယ်ဖွား ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် မော်လ်ဒိုက်၊ မော်ရေးရှ၊ ဇင်ဘာဘွေ၊ ဗြိတိန်၊ အမေရိကန် စသည့် နိုင်ငံများမှ ဝန်ကြီးများ၊ ပါလီမန်အမတ်များ၊ နိုင်ငံတကာမှ သံတမန်များမှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာသံအမတ်ကြီးသည် အဆိုပါ ညီလာခံတွင် ‘India-ASEAN strategic partnership and direction it needs to take for India’s progress “We Care, We Prepare, We Prosper’ ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲ၌ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။