အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး “Session on Bilateral Trade Opportunities between India and Neighbouring Countries” ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား(၁၃-၉-၂၀၂၂ ရက်)

(၁၃-၉-၂၀၂၂ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၁၂-၉-၂၀၂၂ ရက်တွင် နယူးဒေလီမြို့ရှိ India Habitat Centre ၌ အိန္ဒိယနိုင်ငံ Confederation of Indian Industry မှ စီစဉ်ကျင်းပသည့် North East Council Meeting ၏ “Session on Bilateral Trade Opportunities between India and Neighbouring Countries” ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ အထူးသဖြင့် အရှေ့မြောက်ဒေသမှ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Rajkumar Ranjan Singh မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးနှင့်အတူ ဘူတန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများမှ သံအမတ်ကြီးများလည်း ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်၍ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။