(၃၁-၁၀-၂၀၂၂ ရက်၊ နယူးဒေလီ)
ဩရိဿပြည်နယ် ဝန်ကြီးချုပ် Shri Naveen Patnaik ၏ ဖိတ်ကြားချက်အရ ASEAN New Delhi Committee (ANDC) ၏ activities အဖြစ် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးမိုးကျော်အောင်သည် အာဆီယံသံအမတ်ကြီးများနှင့်အတူဩရိဿပြည်နယ်သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆-၂၈ ရက်အတွင်းတရားဝင် လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ပါသည်။
ခရီးစဉ်အတွင်းမြန်မာသံအမတ်ကြီးနှင့် အာဆီယံသံအမတ်ကြီးများသည် ဩရိဿပြည်နယ် ဝန်ကြီးချုပ် Shri Naveen Patnaikနှင့် ပြည်နယ်အစိုးရအကြီးအကဲ Chief Secretary Shri Suresh Mahapatraတို့နှင့် တွေ့ဆုံ၍ ဩရိဿပြည်နယ်နှင့် အရှေ့တောင်အာရှဒေသတို့အကြားစီးပွားရေး၊ ပင်လယ်ရေကြောင်းကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု၊ ပြည်သူများအကြားဆက်သွယ်မှုတို့ တိုးမြှင့်နိုင်ရေး၊ Make in Odisha Conclave’ 22 ကျင်းပနိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် အာဆီယံသံအမတ်ကြီးများသည် ဩရိဿစက်မှုလုပ်ငန်းများဌာနမှ စီစဉ်ကျင်းပမှုဖြင့် ပြည်နယ်အစိုးရအကြီးအကဲ Chief Secretary Shri Suresh Mahapatra မှ ဦးဆောင်၍ ပြည်နယ်၏ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိအကြီးအကဲများ၊ Confederation of Indian Industry (CII) ၊ Federation of Indian Chambers of Commerce and Industry (FICCI) အစရှိသည့် အိန္ဒိယ၏ အဓိကစီးပွားရေးအဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင် များ၊ နည်းပညာသင်ကြားရေးနှင့် လေ့ကျင့်ရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ Mega Business Summit သို့ တက်ရောက်ခဲ့ပါသည်။
ထို့ပြင် ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် မြန်မာသံအမတ်ကြီးသည် အာဆီယံသံအမတ်ကြီးများနှင့်အတူ Seafood Park Derasရှိပင်လယ်စာထုပ်ပိုးမှုစက်ရုံမှ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေ၊ Konakမြို့ရှိယူနက်စကိုကမ္ဘာ့အမွေအနှစ် Sun Temple နှင့် Bhubaneswar မြို့ရှိKhandagiriကျောက်ဂူနှင့် Rajarani Temple ၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် အနုပညာဗိသုကာလက်ရာများအားလေ့လာခဲ့ကြကြောင်းသိရှိရပါသည်။













