အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးမှ IPHEX (International Pharma and Healthcare Expo) 2026 ၏ Global Ambassadors Meet ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်(၈-၆-၂၀၂၆၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယဆေးဝါးတင်ပို့မှု မြှင့်တင်ရေးကောင်စီ (Pharmexcil) ၏ ဖိတ်ကြားချက်အရ ၈-၆-၂၀၂၆ ရက်၊ ၁၉၀၀ နာရီ အချိန်တွင် နယူးဒေလီမြို့ရှိ Taj Palace Hotel ၌ ကျင်းပပြုလုပ်သည့် Global Ambassador Meet on the Pharmaceutical Sector and the Curtain Raiser of iPHEX 2026 ၏ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး H.E. Shri Piyush Goyal က အထူးဧည့်သည်တော်အဖြစ် တက်ရောက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး iPHEX 2026 ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြား ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲ များ၊ သံတမန်များ၊ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဆေးဝါးကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
iPHEX သည် ၂၀၁၃ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် Pharmexcil မှ နှစ်စဉ် ကျင်းပပြုလုပ်သော ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာပြပွဲတစ်ခု ဖြစ်ပါသည်။ (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြပွဲ (iPHEX 2026) ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက် မှ ၉ ရက်အထိ နယူးဒေလီမြို့ရှိ Bharat Mandapam တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပြပွဲသည် ဆေးဝါးနှင့် ကျန်းမာရေးကဏ္ဍတစ်ဝန်းမှ အိန္ဒိယကုမ္ပဏီ ၉၀၀ ကျော်ကို စုစည်းပေးမည့် အပြင် ပြည်တွင်းဧည့်သည် ၅၀,၀၀၀ ကျော် တက်ရောက်ရန် မျှော်လင့်ထားပြီး၊ ပြည်ပဆေးဝါးလုပ်ငန်းကိုယ်စားလှယ် ၆၀၀ ကျော်ကိုလည်း ဖိတ်ကြားထားကြောင်း သိရှိရပါသည်။