(၄-၇-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် နယူးဒေလီမြို့ရှိ Bikaner House ၌ ကျင်းပပြုလုပ်ခဲ့သော Bhutan Art Show 2025 “Strokes of Happiness” ပန်းချီပြခန်း ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ ဘူတန် သံအမတ်ကြီး၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါသည်။ အဆိုပါပြခန်းတွင် ဘူတန်နိုင်ငံ၏ ရိုးရာဓလေ့ ထုံးထမ်းအစဉ်အလာထုံမွှမ်းရေးဆွဲထားသော အနုပညာလက်ရာမြောက်ပန်းချီကားများကို ခင်းကျင်းပြသခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
**************

