အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ရုရှားနိုင်ငံ၏ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက် (၁၀-၅-၂၀၂၅ ရက်)

(၁၀-၅-၂၀၂၅ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် နယူးဒေလီမြို့ရှိ ရုရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီဂျာမနီအပေါ် ရုရှားနိုင်ငံ၏ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ် (၈၀) ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့ အခြေစိုက်နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

*************************