အာဆီယံ-ရုရှားဆက်ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတက်ရောက်

(၉-၇-၂၀၂၆၊ ဖနောင်ပင်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ၉-၇-၂၀၂၆ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီး Mr. Anatoly Borovik ၏ နေအိမ်တွင် ကျင်းပသည့် အာဆီယံ-ရုရှားဆက်ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဧည့်ခံပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယဝန်ကြီး Mr. Kung Phoak နှင့်အတူ အခြားအာဆီယံ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။