အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဌ မြန်မာသံအမတ်ကြီး က မလေးရှားသံအမတ်ကြီးနှင့်လာအိုသံအမတ်ကြီး တို့အား ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ  (၁၃-၇-၂၀၂၅ ရက်)

(၁၃-၇-၂၀၂၅၊ ဗီယင်နာ)

သြစတြီးယားနိုင်ငံ၊ အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဌ မြန်မာသံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ် ဦးမင်းသိမ်းသည် မကြာမီတာဝန်ပြီးဆုံး၍ပြန်လည် ထွက်ခွာတော့ မည့် မလေးရှားသံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ် H.E. Mr. IKram Bin Mohammad Ibrahim အား နှုတ်ဆက်ပွဲနှင့် လာအိုသံအမတ်ကြီး/အမြဲတမ်းကိုယ်စားလှယ် အသစ် H.E. Mr. Khampheng Dovangthongla အား ကြိုဆိုပွဲအဖြစ် ၁၂-၇-၂၀၂၅ ရက်တွင် မြန်မာသံအမတ်ကြီး၏ နေအိမ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အဆိုပါ ညစာစားပွဲသို့ အခြားအာဆီယံသံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ်များနှင့် သံရုံးယာယီ တာဝန်ခံတို့လည်း တက်ရောက်ခဲ့ကြပါသည်။