အာဆီယံ-ဗီယင်နာကော်မတီ၏ နံနက်စာအစည်းအဝေးသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်(၃-၉-၂၀၂၆၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ ဦးအောင်ကိုမင်းသည် ၃-၉-၂၀၂၆ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်သံအမတ်ကြီး H.E. Ms. Evangelina Lourdes A. Bernas နေအိမ်၌ ကျင်းပသည့် အာဆီယံ-ဗီယင်နာကော်မတီ နံနက်စာအစည်းအဝေး (ASEAN-Vienna Committee (AVC) Breakfast Meeting) သို့ တက်ရောက်ခဲ့သည်။
ယင်းနံနက်စာအစည်းအဝေးကို အာဆီယံ-ဗီယင်နာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ အသစ်ရောက်ရှိလာသည့် မလေးရှားသံအမတ်ကြီး H.E. Ms. Dato Fenny Anak Nuli အား ကြိုဆိုသည့်အနေဖြင့်လည်းကောင်း၊ AVC ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများ၊ အိမ်ရှင်ဩစတြီးယားနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးအစီအစဉ်များ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ၌ ကျင်းပလျက်ရှိသည့် အစည်းအဝေးများတွင် အာဆီယံ၏ ရပ်တည်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန်အတွက်လည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
***************