(၁၀-၉-၂၀၂၅ ရက်၊ ဗီယင်နာ)
အာဆီယံ-ဗီယင်နာကော်မတီ(AVC) ဥက္ကဋ္ဌတာဝန်ယူထားသော မြန်မာသံရုံး/ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ဗီယင်နာမြို့သည် ဗီယင်နာမြို့အခြေစိုက် အာဆီယံသံရုံး/အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးအကြီးအကဲများ၏ အလွတ်သဘောအစည်းအဝေးကို ၁၀-၉-၂၀၂၅ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် လက်ရှိကော်မတီဥက္ကဋ္ဌ သံအမတ်ကြီးဦးမင်းသိမ်းက အဖွင့်အမှာ စကားပြောကြားပြီးနောက်၊ သံရုံး/အဖွဲ့ရုံး အကြီးအကဲများအကြားကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် အိမ်ရှင်နိုင်ငံ၌ အာဆီယံပုံရိပ်ပိုမိုမြှင့်တင်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေရေးအတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

