အာဆီယံ-ဂျပန်စင်တာ၏ (၄၅) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ဒုတိယအကြိမ် အစည်းအဝေးသို့ မြန်မာကောင်စီဒါရိုက်တာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်း ပါဝင်တက်ရောက်

(၆-၂-၂၀၂၆ ၊ တိုကျို)

အာဆီယံ-ဂျပန်စင်တာ(ASEAN-Japan Centre)၏ (၄၅)ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် Tokyo International Forum ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ အာဆီယံ-ဂျပန်စင်တာ၏ မြန်မာနိုင်ငံဆိုင်ရာ ကောင်စီဒါရိုက်တာဖြစ်သူ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ ကောင်စီဒါရိုက်တာ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၏ ကောင်စီဒါရိုက်တာဖြစ်သူ H.E. Mr. CHUM Angvichet က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာကောင်စီဒါရိုက်တာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်းမှ ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ လုပ်ငန်းစီမံကိန်းများနှင့် အာဆီယံ-ဂျပန်စင်တာတည်ထောင်မှုဆိုင်ရာသဘောတူညီချက်၏ ဒုတိယအကြိမ်ပြင်ဆင်ချက် စာချုပ်ကိုအတည်ပြုနိုင်ရေးအတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။