(၈-၈-၂၀၂၅ ရက်၊ ဆိုးလ်မြို့)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၈-၈-၂၀၂၅ ရက်နေ့တွင် ကျ ရောက်သည့် ASEAN Day ၌ ဆိုးလ်မြို့အခြေစိုက် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre- AKC) မှ ကြီးမှူးပြီး Korea Press Centre ၌ ကျင်းပပြုလုပ်သည့် Seoul ASEAN Hall ဖွင့်ပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံမှ ဝန်ကြီးချုပ်ဟောင်း H.E. Kim Hwang Sik နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Kim Jina ၊ အာဆီယံ-ကိုရီးယား ဗဟိုဌာန၏ အတွင်းရေးမှူးချုပ် H.E. Kim Jae-shin ၊ ဆိုးလ်မြို့အခြေ စိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများအပါအဝင် ကဏ္ဍပေါင်းစုံမှ ဖိတ်ကြားထားသည့် ဧည့် သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနား၌ AKC အတွင်းရေးမှူးချုပ် H.E. Kim Jae-shin က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Kim Jina နှင့် လက်ရှိ အာဆီယံကော်မတီ (ဆိုးလ်) ၏ ဉက္ကဋ္ဌ ထိုင်းသံအမတ်ကြီး H.E. Tanee Sangrat တို့မှ ဂုဏ်ပြုမိန့်ခွန်းများ ပြောကြားခဲ့ ကြပါသည်။ အဆိုပါမိန့်ခွန်းများတွင် Seoul ASEAN Hall ဖွင့်လှစ်နိုင်ခဲ့သည့််အတွက် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ယဉ်ကျေးမှုဖလှယ်ရာတွင် ပိုမိုနားလည်မှု ရှိလာနိုင်မည်ဖြစ်ပါ ကြောင်းနှင့် ယခုပြခန်းအား ဖွင့်လှစ်နိုင်ရန် ဆိုးလ်မြို့အခြေစိုက် အာဆီယံသံရုံးများ၏ အနီးကပ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ဂုဏ်ပြုမိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။ ယင်းနောက် တက်ရောက်လာကြသည့် သံအမတ်ကြီးများက Seoul ASEAN Hall အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရဓာတ်ပုံ များ ရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ မြန်မာသံအမတ်ကြီးသည် အခြားတက်ရောက်လာကြသည့် အာဆီယံ သံအမတ်ကြီး များနှင့်အတူ ပြခန်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါပြခန်း၌ ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ သိသာထင်ရှားသည့် ရောင်စုံသစ်သီးဝလံပေါင်းစုံပါဝင်သည့် ဓာတ်ပုံများအပါ အဝင် သက်ဆိုင်ရာအာဆီယံသံရုံးများမှ နိုင်ငံအလိုက် ထင်ရှားသည့် ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံ အနုပညာလက်ရာပစ္စည်းများအား AKC မှ ကြိုတင်တောင်းခံကာ ခင်းကျင်းပြသထားပါသည်။ အဆို ပါပြခန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် ဖန်တီးမှုများမှ တစ်ဆင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား နှစ်ဖက်အပြန်အလှန် နားလည်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်ကြောင်း သိရှိရပါသည်။

