အာဆီယံ-ကိုင်ရိုကော်မတီ (ASEAN Committee in Cairo – ACC) အလှည့်ကျဥက္ကဋ္ဌတာဝန် အား မြန်မာသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း

(၂၈-၇-၂၀၂၀ ရက်၊ ကိုင်ရို)

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ကိုင်ရိုကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား လွှဲပြောင်းပေးမည့် အလုပ်သဘော နေ့လယ်စာစားပွဲအခမ်းအနားကို လက်ရှိဥက္ကဋ္ဌဖြစ်သူ မလေးရှားသံအမတ်ကြီးမှ အိမ်ရှင်အဖြစ် ၂၇-၇-၂၀၂၀ ရက်နေ့၊ Four Seasons Hotel, First Nile Boat ဟိုတယ်တွင် (၁၂၀၀) နာရီအချိန်မှ (၁၅၃၀) နာရီအထိ လက်ခံကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်သဘောနေ့လည်စာစားပွဲသို့ ကိုင်ရိုမြို့အခြေစိုက် အာဆီယံသံရုံး (၉) ရုံးမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ တက်ရောက်ခဲ့ပြီး နေ့လယ်စာစားပွဲတွင် လက်ရှိဥက္ကဋ္ဌ မလေးရှားနိုင်ငံသံအမတ်ကြီး His Excellency Mr. Mohd Haniff Abd Rahman မှ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်လွင်ထံသို့ အာဆီယံ-ကိုင်ရိုကော်မတီဥက္ကဋ္ဌ တာဝန်အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။