အာဆီယံအပေါင်း ရုပ်ရှင်ပွဲတော် ၂၀၂၅ ဖွင့်ပွဲအခမ်းအနားသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက် (၄-၉-၂၀၂၅ ရက်)

(၄-၉-၂၀၂၅ ရက်၊ ပရာ့ဂ်)

အာဆီယံ-ပရာ့ဂ်ကော်မတီမှ ကြီးမှူး၍ အာဆီယံအပေါင်း ရုပ်ရှင်ပွဲတော် ၂၀၂၅ ဖွင့်ပွဲ အခမ်းအနားအား ၃-၉-၂၀၂၅ ရက်နေ့ ညနေ ၁၈၃၀ နာရီအချိန်တွင် ပရာ့ဂ်မြို့ရှိ မြူနီစပယ် စာကြည့်တိုက်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အာဆီယံ-ပရာ့ဂ်ကော်မတီ အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mrs. Rina P. Soemarno နှင့် အထူးဧည့်သည်တော် ဖြစ်သူ ချက်နိုင်ငံ၊ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. David Kaspar တို့က အဖွင့် အမှာစကား ပြောကြားခဲ့ကြပြီး အာဆီယံနိုင်ငံများနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များနှင့်အတူ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် ပါဝင်တက်ရောက်ခဲ့ပါသည်။ ရုပ်ရှင်ပွဲတော်အတွင်း အာဆီယံအပေါင်း နိုင်ငံများမှ ရုပ်ရှင်ကားများကို ပရာ့ဂ်မြူနီစပယ်စာကြည့်တိုက်ရှိ ရုပ်ရှင်ရုံများတွင် စက်တင်ဘာ လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြသသွားမည်ဖြစ်ပြီး မြန်မာရုပ်ရှင်ဇတ်ကား “ဥပါဒါန်” အား လည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။