အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်အစည်းအဝေး (၂/၂၀၂၂) နှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်(၂၄-၁၁-၂၀၂၂ရက်)

(၂၄၁၁၂၀၂၂ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့ တွင် ၁၅၁၁၂၀၂၂ ရက်မှ ၁၉၁၁၂၀၂၂ ရက်အထိ လူကိုယ်တိုင်တက်ရောက်သော စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး (/၂၀၂၂) နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၀)နှစ်ပြည့် အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်း နှစ်ပတ်လည်အခမ်းအနား (10th Anniversary of ASEAN Human Right Declaration (AHRD)) နှင့် အာဆီယံ  လူ့အခွင့်အရေးဆွေးနွေးပွဲ (၂၀၂၂) (ASEAN Human Rights Dialogue 2022) တို့သို့ တက်ရောက်ခဲ့ပါသည်။

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး (/၂၀၂၂) တွင် ကမ္ဘောဒီးယားနိုင်ငံမှAICHR ကိုယ်စားလှယ် H.E. Keo Remy က အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှAICHR ကိုယ်စားလှယ်များ၊ AICHR ကိုယ်စားပြု ပုဂ္ဂိုလ်များ၊ AICHR ကိုယ်စားလှယ်၏ လက်ထောက်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဒေသတွင်း လူ့အခွင့်အရေး ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ AICHR ငါးနှစ်တာ လုပ်ငန်းစီမံချက် (၂၀၂၁၂၀၂၅) AICHR ဦးစားပေးအစီအစဉ်များနှင့် ပတ်သက်သည့် သဘောတရား စာတမ်းများနှင့် ၎င်းတို့၏ ဖြစ်ပေါ်တိုးတက်မှုများ၊AICHR ပြင်ပမိတ်ဖက် ဆက်ဆံရေးနှင့် AICHR ရန်ပုံငွေခွဲဝေချထားမှု ကိစ္စများအပေါ် အမြင်ချင်းဖလှယ်‌ဆွေးနွေးခဲ့ကြပါသည်။

(၁၀)နှစ်ပြည့် အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်း နှစ်ပတ်လည်အခမ်းအနားတွင် AICHR လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်းကို ထပ်လောင်းအတည်ပြုခြင်းတို့ဆောင်ရွက်ခဲ့ကြပါသည်။

အာဆီယံလူ့အခွင့်အရေးဆွေးနွေးပွဲ ၂၀၂၂ တွင် AICHR ကိုယ်စားလှယ်များအပြင် အာဆီယံ နိုင်ငံများရှိနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး () ဦးစီ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားနှင့် ဆောင်ရွက်ချက်များ၊ နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းကိစ္စ၊ UPR လုပ်ငန်းစဉ်တွင် အကြံပြုချက်နှင့် အကောင်အထည်ဖော်မှု အခြေအနေများ၊မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေး ကော်မရှင်၏ လုပ်ငန်းစဉ်များကို ကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သည့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သူငြိမ်းနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်း တို့မှ အသီးသီး ဖတ်ကြားဆွေးနွေးမှု ပြုခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးများတွင် AICHR မြန်မာနိုင်ငံ ကိုယ်စားပြုပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးက မြန်မာနိုင်ငံမှ ဦးဆောင်မှုပြုနေသည့် EIA ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး၊  အကျဉ်းသားများ ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သည့်ကိစ္စ အပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာ မေးခွန်းများကို ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။