အာဆီယံဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee – ABC) ၏ ပထမအကြိမ်အစည်းအဝေး ကျင်းပခဲ့ခြင်း

(၂၃-၈-၂၀၁၉ ရက်၊ ဘရပ်ဆဲလ်မြို့)

ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ သံအမတ်ကြီးများ ဦးဆောင်၍ ဖွဲ့စည်းထားသော အာဆီယံဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee – ABC) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ပထမအကြိမ်အစည်းအဝေးကို ၂၂-၈-၂၀၁၉ ရက်တွင် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ဘရပ်ဆဲလ်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး၌ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသော သံအမတ်ကြီးများက အာဆီယံသံရုံးများအနေဖြင့် အီးယူမျက်နှာစာ၌ အာဆီယံ၏ ပုံရိပ်ကို ပိုမိုမြှင့်တင်နိုင်ရေး၊ အာဆီယံနိုင်ငံများ၏ နောက်ခံသမိုင်းအစဉ်အလာနှင့် တန်ဖိုးထားမှု စံနှုန်းများကို အီးယူနိုင်ငံများမှ ပညာတတ်လူငယ်များ ပိုမိုသိရှိနားလည် လာစေရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံရှိ တက္ကသိုလ်များနှင့် ပိုမိုထိတွေ့ဆက်ဆံရေး၊ ၂၀၁၉-၂၀၂၄ ခုနှစ် သက်တမ်းအတွက် ဥရောပကော်မရှင်ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်ထားသည်ဖြစ်ရာ ၎င်း၏ ဦးစားပေးမူဝါဒများ နှင့်ပတ်သက်၍ အာဆီယံအတွက် မည်ကဲ့သို့သော ကဏ္ဍများ၌ ပိုမိုအလေးထားဆောင်ရွက်သွားနိုင်မည့် အခြေအနေ စသည်တို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။