အာဆီယံနေ့အခမ်းအနားနှင့် အာဆီယံကော်မတီကူဝိတ် သံအမတ်ကြီးအဆင့် အစည်းအဝေး သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်  (၇-၈-၂၀၂၅ ရက်)

(၇-၈-၂၀၂၅၊ ကူဝိတ်)

အာဆီယံကော်မတီကူဝိတ် (ASEAN Committee Kuwait-ACK)၏ အလှည့်ကျ ဥက္ကဌ ကူဝိတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး Dr. Nguyen Duc Thang မှ ဦးဆောင်၍ (၅၈)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ACK သံအမတ်ကြီးအဆင့် ပုံမှန် အစည်းအဝေးကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့၌ ကူဝိတ်မြို့ရှိ Regency Hotel တွင် ပြုလုပ်ခဲ့ရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် အခြားအာဆီယံ သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူတက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ကူဝိတ်ရှိ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး အကြီးအကဲများသည် အာဆီယံသီချင်း (ASEAN Anthem) ဖွင့်လှစ်၍ စုပေါင်းဂုဏ်ပြုခဲ့ကြ ပြီးနောက်၊ အာဆီယံအဖွဲ့သမိုင်းနှင့် ဆင်ကဲ့ဖြစ်ပေါ်တိုးတက်မှုများပါဝင်သည့် ဗီဒီယိုကိုဖွင့် လှစ်ပြသခဲ့ကြပါသည်။ ထို့နောက် အာဆီယံနေ့အထိမ်းအမှတ်ကိတ်မုန့်ကိုခွဲကာ၊ မှတ်တမ်း တင်ဓါတ်ပုံများ စုပေါင်းရိုက်ခဲ့ကြပြီး သံအမတ်ကြီးအဆင့် ပုံမှန်အစည်းအဝေးကို ဆက်လက် ပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကူဝိတ်နိုင်ငံ၌ အာဆီယံ၏ လှုပ်ရှားမှုများနှင့် အခန်းကဏ္ဍကို ပိုမို မြှင့်တင်နိုင်ရန်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါ သည်။ ယင်းအစည်းအဝေး၌ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအား အာဆီယံသံအမတ်ကြီးများသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။