အာဆီယံတည်ထောင်ခြင်း (၅၉) နှစ်မြောက်နှစ်ပတ်လည်နေ့ (ASEAN Day 2026) အခမ်းအနား၊ (၁၃၀) ကြိမ်မြောက် ASEAN New Delhi Committee (ANDC) အစည်းအဝေးနှင့် ASEAN Ladies Circle (ALC) အမှုဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၆) သို့ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ပါဝင်တက်ရောက် (၈-၈-၂၀၂၆၊ နယူးဒေလီ)

မြန်မာသံရုံး၊ နယူးဒေလီမြို့ သံရုံးယာယီတာဝန်ခံ ဒေါ်သင်းပျံ့သီတာကျော် ဦးဆောင်သည့် သံရုံးဝန်ထမ်းများသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အခြေစိုက် ဖိလစ်ပိုင်သံရုံး၌ ၇-၈-၂၀၂၆ ရက်၊ သောကြာနေ့၊ ၁၆၀၀ နာရီမှ ၁၆၃၀ နာရီအထိ ကျင်းပသည့် ASEAN Ladies Circle (ALC) အမှုဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၆) နှင့် ၁၆၃၀ နာရီမှ ၁၇၃၀ နာရီအထိ ကျင်းပသည့် (၁၃၀) ကြိမ်မြောက် ASEAN New Delhi Committee (ANDC) အစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် နယူးဒေလီမြို့အခြေစိုက် ဖိလစ်ပိုင်သံရုံးမှ ဦးဆောင်၍ နယူးဒေလီမြို့ရှိ Qutb Minar တွင် ယင်းနေ့ ညနေပိုင်း ၁၉၃၀ နာရီမှ ၂၀၀၀ နာရီအထိ ကျင်းပသည့် အာဆီယံတည်ထောင်ခြင်း (၅၉) နှစ်မြောက် နှစ်ပတ်လည်နေ့ (ASEAN Day 2026) အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံသံရုံးများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။