အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် 29th Meeting of ASEAN-Institute for Peace and Reconciliation (ASEAN-IPR) အစည်းအဝေးသို့ Governing Council အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်(၁၇-၂-၂၀၂၃ ရက်)

(၁၇-၂-၂၀၂၃ ရက်၊ ဂျကာတာ)
 
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၁၇-၂-၂၀၂၃ ရက်တွင် ASEAN-IPR အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပသည့် 29th Meeting of ASEAN-Institute for Peace and Reconciliation (ASEAN-IPR) အစည်းအဝေးသို့ Governing Council အဖွဲ့ဝင်အဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ Governing Council အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ ASEAN-IPR အမှုဆောင်အရာရှိချုပ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။
 
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် ASEAN-IPR လုပ်ငန်းအစီအစဉ်၊ ASEAN-IPR (၂၀၂၄-၂၀၂၆) သက်တမ်းအတွက် Executive Director အသစ် ရွေးချယ်မည့် ကိစ္စ၊ ASEAN-IPR လုပ်ငန်းအစီအစဉ် (၂၀၂၄-၂၀၂၆) အတွက် ထည့်သွင်းလိုသည့် စီမံကိန်းများ၊ ASEAN-IPR အတွင်းရေးမှူးချုပ်ရုံးအား အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ Heritage Building သို့ ပြောင်းရွှေ့မည့်ကိစ္စ၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သည့် ASEAN-IPR – United Nations Workshop on Advancing Youth, Peace and Security in ASEAN နှင့် 3rd Leg Training တို့၏ ဆွေးနွေးပွဲရလဒ်များ၊ ASEAN-IPR Outreach Programme များ အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကိုလည်းကောင်း၊ အဆိုပြုအစီအစဉ်အသစ်များဖြစ်သည့် ASEAN-IPR Study on Youth, Peace and Security နှင့် ASEAN-IPR Training: Enhancing the Role of Youth in Peacebuilding နှင့် ပတ်သက်သည့် သဘောထားစာတမ်းများနှင့် ASEAN-IPR Governing Council နှင့် the ASEAN Intergovernmental Commission on Human Rights (AICHR) တို့အကြား တွေ့ဆုံမည့်ကိစ္စရပ်တို့နှင့် ပတ်သက်၍ လည်းကောင်း  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။