(၃-၂-၂၀၂၃ ရက်၊ ဂျကာတာ)
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် (Executive Director) အသစ်ဖြစ်သူ Dr Piti Srisangnam အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ ၃-၂-၂၀၂၃ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီအဖွဲ့ဖြစ်သည့် Board of Trustees များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ASEAN Foundation သည် အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ အာဆီယံအား ပြည်သူများ ပိုမိုသိရှိစေရန် ဆောင်ရွက်ရာ၌ ထိရောက်သည့် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ရန်ကိစ္စ၊ အာဆီယံ လူငယ်များ ပါဝင်သည့် အစီအစဉ် အများအပြားကို Huawei နှင့် Google Meet အစရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ awareness ရရှိစေရန် မြှင့်တင်ဆောင်ရွက်ရေးကိစ္စ၊ ASEAN Foundation သည် ပြည်သူများအကြား ASEAN awareness ရရှိစေရန် ဖြန့်ဝေဆောင်ရွက်ရာတွင် အရေးပါသည်ဖြစ်ရာ Outreach Programme များ ပိုမိုဆောင်ရွက်သွားမည့်ကိစ္စ၊ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများမှ အကူအညီများ ရယူ၍ ASEAN Foundation အနာဂတ် စီမံကိန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန် အစရှိသည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


