(၃၁-၇-၂၀၂၆၊ ဂျကာတာ)
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ/သံအမတ် ဦးမန်ဟောက်ထန် သည် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်ကင်ဟွန်း အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ၃၀-၇-၂၀၂၆ ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် အဖွဲ့ရုံးယာယီတာဝန်ခံ/သံအမတ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့သည် အာဆီယံအသိုက်အဝန်းထူထောင်ရေးကြိုးပမ်းမှုများ၊ ဒေသတွင်းပေါင်းစည်းရေးနှင့် နိုင်ငံတကာအရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ရုံးယာယီတာဝန်ခံ/သံအမတ်က အာဆီယံအသိုက်အဝန်း တိုးတက်ဖြစ်ထွန်းရေးအတွက် မြန်မာနိုင်ငံ၏ တက်ကြွစွာဆက်လက် ပါဝင်ဆောင်ရွက်နေမှုများနှင့် ကတိကဝတ်များကို အလေးပေးပြောကြားခဲ့သည်။

