(၅-၅-၂၀၂၃ ရက်၊ ပါရီ)
ပါရီမြို့ရှိ အာဆီယံကော်မတီ (ASEAN Committee in Paris-ACP) အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့၊ ၁၀၀၀ နာရီမှ ၁၂၀၀ နာရီအထိ မြန်မာသံအမတ်ကြီးနေအိမ်၌ အစည်းအဝေး သဘာပတိအဖြစ် လက်ခံကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျမှ ACP အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဆောင်ရွက်စဉ်ကာလအတွင်း လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မေလမှ ဩဂုတ်လအထိ ACP အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဖိလစ်ပိုင် သံအမတ်ကြီးထံသို့ ဥက္ကဋ္ဌတာဝန်နှင့် အစည်းအဝေး သဘာပတိအမှတ်အသားတူ (Gavel) အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

