အာဆီယံကော်မတီ (ASEAN Committee in Kuwait-ACK) ဘိုးလင်းပြိုင်ပွဲ မြန်မာသံရုံး၊ ကူဝိတ်မြို့မှပါဝင်ဆင်နွှဲ

ကူဝိတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများဖြင့်ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ ကူဝိတ် (ASEAN Committee in Kuwait-ACK)၏ မိသားစု ဘိုးလင်းပြိုင်ပွဲတစ်ရပ်ကို ကော်မတီ၏ အလှည့်ကျဥက္ကဌ ဘရူနိုင်းသံရုံးက ဦးဆောင်၍ ကူဝိတ်မြို့ရှိ Kuwait Bowling Sporting Club ၌ ၁၉-၆-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံးကူဝိတ်မြို့မှ သံအမတ်ကြီး၊ သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များသည် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

မြန်မာသံရုံး၊ ကူဝိတ်မြို့
၁၉-၆-၂၀၂၆