အာဆီယံကော်မတီ၊ ပါရီမြို့မှ ကျင်းပသည့် စင်ကာပူသံအမတ်ကြီးနှင့် ဗီယက်နမ်သံအမတ်ကြီးတို့အား နှုတ်ဆက်ညစာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး တက်ရောက်

(၂၄-၁၁-၂၀၂၅ ရက်၊ ပါရီမြို့)

အာဆီယံကော်မတီ၊ ပါရီမြို့၏ ဥက္ကဋ္ဌ လာအိုသံအမတ်ကြီး Mr. Kalamoungkhoune SOUPHANOUVONG မှ ၂၄-၁၁-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်သည့် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည် စင်ကာပူသံအမတ်ကြီး Mrs. Foo Teow Lee နှင့် ဗီယက်နမ်သံအမတ်ကြီး Mr. Dinh Toan Thang တို့အား နှုတ်ဆက်ညစာစားပွဲသို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦးသည် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ဒုတိယသံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ညစာစားပွဲတွင် အာဆီယံကော်မတီ၊ ပါရီမြို့၏ ဥက္ကဋ္ဌ၊ လာအို သံအမတ်ကြီးက စင်ကာပူ သံအမတ်ကြီးနှင့် ဗီယက်နမ်သံအမတ်ကြီးတို့၏ ပါရီမြို့တွင် တာဝန်ထမ်းဆောင်စဉ် ၎င်းတို့၏ အာဆီယံဆိုင်ရာ လှုပ်ရှားမှုများတွင် အစဉ်အမြဲတက်ကြွစွာ ဦးဆောင်ဦးရွက်ပြုခဲ့မှုများကို ကျေးဇူးတင် ရှိပါကြောင်းနှင့် အမြဲအောက်မေ့သတိရနေမည်ဖြစ်ကြောင်း ပြောကြား၍ အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။