အာဆီယံကော်မတီဝါရှင်တန်(ACW)၏ လှုပ်ရှားမှုအစီအစဉ်အဖြစ် အမေရိကန်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Ms. Jovita Neliupšienė နှင့်တွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးပါဝင်တက်ရောက်

(၂၇-၃-၂၀၂၆ ရက်၊ ဝါရှင်တန်)

            အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် အာဆီယံကော်မတီ ဝါရှင်တန်(ASEAN Committee in Washington, ACW)၏အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းသံအမတ်ကြီး  ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံး၌ ကျင်းပပြုလုပ်သည့် အမေရိကန်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Ms. Jovita Neliupšienė နှင့်တွေ့ဆုံပွဲသို့ အာဆီယံသံအမတ်ကြီးများ၊ အာဆီယံသံရုံးများမှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးနှင့် တက်ရောက်လာသည့် ကိုယ်စား လှယ်များက အာဆီယံနှင့် ဥရောပသမဂ္ဂတို့အကြား မဟာဗျူဟာမြောက်ဆက်ဆံရေး၏ တိုးတက်မှုများ၊ ဒေသနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ လက်ရှိစွမ်းအင်ဆိုင်ရာ စိန်ခေါ်မှု အပါအဝင် စိန်ခေါ်မှု များနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ မြန်မာ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးမှုနှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ထည့်သွင်းရှင်းလင်းပြောကြားခဲ့ပါသည်။