(၆-၁၁-၂၀၂၅ ရက်၊ ဝါရှင်တန်)
ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ လှုပ်ရှားမှုအဖြစ် ကော်မတီအဖွဲ့ဝင် သံရုံးအကြီးအကဲများနှင့် အမေရိကန်ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ခေတ္တလက်ထောက်ဝန်ကြီး Mr. Daniel Edwards ဦးဆောင်သည့် တာဝန်ရှိသူများတွေ့ဆုံမှု အဖြစ် အလုပ်သဘောနေ့လယ်စာစားပွဲဖြင့် ဝါရှင်တန်မြို့ရှိ ဗီယက်နမ်သံအမတ်ကြီးနေအိမ်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းက ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Quoc Dzung မှ ဦးဆောင်၍ တည်ခင်းဧည့်ခံသည့် အစီအစဉ်ကျင်းပခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်သည် အာဆီယံ သံအမတ်ကြီးများ၊ အခြားအာဆီယံသံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက် ခဲ့ပါသည်။
အဆိုပါအလုပ်သဘောနေ့လယ်စာစားပွဲတွင် တက်ရောက်လာကြသူများက ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍအောက်တွင် လေကြောင်းနှင့် ရေကြောင်းဆက်သွယ်မှုမှတဆင့် အာဆီယံ-အမေရိကန်ဘက်ပေါင်းစုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး(CSP)ဖော်ဆောင်ရေး၊ အမေရိကန် နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ပို့ဆောင်ရေး ကဏ္ဍတွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် အနာဂတ်အလားအလာများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြပါသည်။
***************************

