အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington– ACW) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးများ အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့ သံရုံးယာယီတာဝန်ခံတက်ရောက်(၅-၁-၂၀၂၃ ရက်)

(၅-၁-၂၀၂၃ ရက်နေ့၊ ဝါရှင်တန်)
 
အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) ၏ လှုပ်ရှားမှု အဖြစ် ကော်မတီအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်သံအမတ်ကြီး H.E. Mr. Dato Serbini Ali က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၊ ဒုတိယ လက်ထောက် ဝန်ကြီး Dr. Jung H. Pak နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တောင်နှင့် အရှေ့ တောင်အာရှ ဆိုင်ရာ ဒုတိယလက်ထောက်ဝန်ကြီး Ms. Lindsey W. Ford တို့အား အလုပ်သဘော နေ့လယ်စာ စားပွဲဖြင့် ဝါရှင်တန်မြို့ရှိ ဘရူနိုင်းဒါရူဆလမ်သံရုံး၌ ၅-၁-၂၀၂၃ ရက်နေ့၊ မွန်းလွဲပိုင်းက တည်ခင်း ဧည်ခံသည့်အစီအစဉ်သို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အခြားအာဆီယံ သံရုံး အကြီး အကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။  ယင်းအစီအစဉ်သို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ အရှေ့တောင်အာရှဒေသ ဆိုင်ရာ တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြသည်။ 
 
အဆိုပါ အလုပ်သဘောနေ့လယ်စာ စားပွဲတွင် ၂၀၂၂ ခုနှစ်အတွင်း အာဆီယံနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခဲ့မှု၊ အာဆီယံ-အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာ မြောက် မိတ်ဘက်ဆက်ဆံရေး စတင်ထူ ထောင်နိုင်မှု စသည်တို့ကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြ ပြီး လာမည့်ကာလများတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး ကိစ္စ ရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။