ကူဝိတ်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ ကူဝိတ်(ASEAN Committee in Kuwait-ACK)၏ အလှည့်ကျဥက္ကဌ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းသံရုံး၏စီစဉ်မှုဖြင့် စုပေါင်းသွေးလှူမှုကို ကူဝိတ်ဗဟိုသွေးလှူဘဏ်၌ ၂၀၂၆ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ကူဝိတ်မြို့မှ သံအမတ်ကြီး ဦးချမ်းအေးနှင့် သံရုံးဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ မြန်မာအသိုက်အဝန်းမှ သွေးလှူဒါန်းလိုသူများက အခြားသော အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ အခြားသွေးလှူဒါန်းလိုသူများနှင့်အတူ ပါဝင်လှူဒါန်းခဲ့ကြပါသည်။
ACK သည် ကူဝိတ်၌ အာဆီယံ၏ အခန်းကဏ္ဍကိုမြှင့်တင်နိုင်ရန်အတွက် ယခုကဲ့သို့ လူမှုရေးလုပ်ငန်းများကို သက်ဆိုင်ရာအလှည့်ကျဥက္ကဌ၏ စီစဉ်မှုဖြင့် လုပ်ဆောင်လျက်ရှိပြီး၊ မြန်မာသံရုံး၊ ကူဝိတ်မြို့မှလည်း ပုံမှန်ပါဝင်ပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။
အာဆီယံကော်မတီကူဝိတ်မှ စုပေါင်းသွေးလှူဒါန်းမှုသို့ မြန်မာသံရုံးပါဝင်(၄-၆-၂၀၂၆၊ ကူဝိတ်)

