နိုင်ငံခြားရေးဝန်ကြီးဌာန၊ အငယ်တန်းစာရေးရာထူးလျှောက်လွှာများအတွက် အသိပေးကြေညာချက်

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူးနေရာများအတွက် လျှောက်လွှာ လက်ခံခြင်းလုပ်ငန်းစဉ်ကို ၂၅-၃-၂၀၂၀ ရက်(ဗုဒ္ဓဟူးနေ့) မှစ၍ ဧပြီလကုန်အထိ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါကြောင်းနှင့် အဆိုပါကာလနောက်ပိုင်းတွင် လျှောက်လွှာ ပြန်လည်လက်ခံခြင်း၊ ဖြေဆိုခွင့်ကတ်ပြား ထုတ်ပေးခြင်းတို့နှင့် ပတ်သက်၍ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည် –

နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) – ၀၆၇-၄၁၂၃၃၄၊ ၀၆၇-၄၁၂၃၄၂

နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) – ၀၁-၂၁၂၈၄၀