၁။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသောအငယ်တန်းစာရေး/ အငယ်တန်းလက်နှိပ်စက်ရိုက် ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၃-၇-၂၀၂၁ ရက်နေ့၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ (နေပြည်တော်) နှင့် (ရန်ကုန်) တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
၂။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကြောင့် ရေးဖြေစာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းတို့ကို လက်ရှိကာလတွင် ပြုလုပ်သွားနိုင်မည် မဟုတ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၃။ ရေးဖြေစာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည့်နေ့ရက်တို့အား ထပ်မံထုတ်ပြန် အသိပေးသွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

