အယ်လ်ဘေးနီးယားဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်း စာအုပ်တွင် မြန်မာသံအမတ်ကြီး လက်မှတ်ရေးထိုး

(၃-၁၁-၂၀၂၅ ရက်၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှ သံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့ရှိ အယ်လ်ဘေးနီးယားသံရုံး သို့ ၃-၁၁-၂၀၂၅ ရက်တွင်သွားရောက်၍ အယ်လ်ဘေးနီးယားနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Fatos Nano ၃၁-၁၀-၂၀၂၅ ရက်တွင် ကွယ်လွန်ခဲ့ခြင်းအတွက် ဖွင့်လှစ်ထားသော ဝမ်းနည်းကြောင်းမှတ်တမ်း စာအုပ်၌ လက်မှတ်ရေးထိုးခဲ့ပါသည်။