အမေရိကန်ပြည်ထောင်စုရှိ မြန်မာအသိုက်အဝန်းမိသားစုများမှ လှူဒါန်းငွေများပေးအပ်ခြင်း

(၁၂-၉-၂၀၁၉ ရက်၊ နေပြည်တော်)

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျှက်ရှိသော ရေဘေးသင့်ဒေသများရှိ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရန် တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် မြန်မာအသိုက်အဝန်းမိသားစုများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၄၀ဝ၀ဝ) နှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)အတွက် နယူးယောက်မြို့မှ ပေးပို့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၀ဝ)တို့အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ ၁၂-၉-၂၀၁၉ ရက် (ကြာသပတေးနေ့) (၁၅၃၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။